Lotayamm

search
မာတိကာ

contents

သတင်းများ

ကချင်နှင့် ရှမ်းမြောက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့နှင့် မစ္စယန်ဟီးလီ တွေ့ဆုံ

နေ့ရက်:
Jan 10, 2017
yangonmedia
မစ္စယန်ဟီးလီနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ အရပ်ဘက်အဖွဲ့သုံးဖွဲ့တို့သည် ဇန်နဝါရီ ၉ ရက်ညနေက မြစ်ကြီးနားမြို့၌ တစ်နာ ရီနီးပါးတွေ့ဆုံဆွေးနွေးခဲ့သည်။  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကိုခါးလီက ''နယ်စပ်ဒေသက စစ်ရှောင်ပြည်သူတွေက စစ်ရှိန် မြင့်လာတဲ့အတွက်ကြောင့် စစ်ရှောင်စခန်းတွေ ထပ်ပြောင်းရွှေ့ရတယ်။ ဒါပေမဲ့ မလုံခြုံဘူး။ နေတဲ့နေရာကတောင် မလုံခြုံတာ ဆန်၊ ဆီ၊ ပဲ၊ ဆားကတော့မပြောနဲ့တော့။ အခက်အခဲ တွေကအများကြီးပဲ။ သူ့အနေနဲ့ အစိုးရနဲ့တွေ့တဲ့အခါ တင်ပြပေးမယ်လို့ပြောပါတယ်''ဟု ပြောသည်။ ၂ဝ၁၆ နှစ် ကုန်ပိုင်းတွင် အရှိန် မြင့်လာသည့်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် စစ်ဘေးရှောင်ပြည် သူဦးရေငါးထောင်ခန့် ပိုမိုများပြားလာပြီး စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာအခက် အခဲနှင့် ရင်ဆိုင်နေရကြောင်း ဦးစိုင်းစံခမ်းကပြောသည်။
ဦးစိုင်းစံခမ်းက ''ဆောင်းတွင်းမှာ မိုးရွာတော့ပိုဆိုးတယ်။ အခက်အခဲတွေက အများကြီးပါ။ ကလေးတွေကလည်း ဖေဖော်ဝါရီလမှာ စာမေးပွဲဖြေရမှာဆိုတော့ ဆက်ပြီးတော့ ပဲဖြေရမလိုလို၊ မဖြေရမလိုလို မရေ မရာဖြစ်နေကြတယ်''ဟုပြောသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး မြစ်ကြီးနားသို့ ၉ ရက်နေ့တွင် ပင်ရောက်ရှိခဲ့ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံ ခရီးစဉ်ပြီးနောက် မတ်လတွင်ပြုလုပ်မည့် ကုလ သမဂ္ဂလူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။  
HM
#democracytoday
ORIGINAL ARTICLE