Lotayamm

search
မာတိကာ

contents

သတင်းများ

အစိုးရအဖွဲ့က ရေးဆွဲထားသည့် စီမံကိန်းများ မှန်ကန်တိကျသည် ဆိုပြီး ဆောင်ရွက် မရနိုင်၊ လွှတ်တော်၏ ထောက်ပြမှု မှန်ကန်ပါက လက်ခံရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော

နေ့ရက်:
Jan 10, 2017
yangonmedia
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂ဝ၁၇) အစည်းအဝေးကို ဇန်နဝါရီ ၉ ရက် နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့က အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်က စီမံကိန်းများရေးဆွဲရာတွင် ပြည်သူများအတွက် လတ်တလော လိုအပ်ချက်နှင့်တိုင်းပြည်ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး(Sustainable Development)အတွက် လိုအပ်ချက် အပိုင်းနှစ် ပိုင်း ခွဲခြားရှုမြင်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလောဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သင့် သည့် လုပ်ငန်းစီမံကိန်းကြီးများကို နိုင်ငံတော်၏ခွင့်ပြုနိုင်မည့် ဘတ် ဂျက်ဘောင်အတွင်းက ပေါင်းစပ် ရေးဆွဲကြရန်ပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသားစီမံကိန်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းများအကောင်အထည်ဖော်ရာတွင် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများအချင်းချင်း၊ ဗဟိုအစိုးရနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အမျိုးသားစီမံကိန်းများကို လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် အင်မတန်မှ သတိပြုရန် လိုအပ် ပါကြောင်း၊ လွှတ်တော်၏ သဘောတူညီချက်ရမှ အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်းပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က''တချို့ကိစ္စရပ်များတွင် လွှတ်တော်၏ ထောက်ပြမှုများမှာ မှန်ကန်မှုရှိ နိုင်ပါကြောင်း၊ ထောက်ပြမှုမှန်ကန်ပါက မိမိတို့လက်ခံရမည်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့က ရေးဆွဲထားသည့် စီမံ ကိန်းများသည်မှန်ကန်ပြီး တိကျသည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ လွှတ်တော်၏ တာဝန် နှင့် လုပ်ပိုင်ခွင့်အရဝေဖန်မည်၊ အကြံပြုမည်၊ ခွင့်ပြုနိုင်သည်များလည်း ရှိမည်ဖြစ်ပြီး ခွင့်မပြုခြင်းများ လည်းရှိနိုင်ပါကြောင်း၊ မိမိတို့သည် လွှတ်တော်၏ ဝေဖန်အကြံပြုချက်များကို ပြုလွယ်ပြောင်းလွယ်ရန် လိုအပ်ပါကြောင်း''ပြောသည်။ ပြည်ထောင်စုလွှတ်တော်ကပေးသည့် အကြံဥာဏ်များကိုလည်း လေးလေးနက် နက်သေသေချာချာ စဉ်းစားပြီး ပြုသာပြောင်းသာသည့် စီမံကိန်းမျိုးဖြစ်မည်ဆိုပါက မိမိတို့၏ရည်မှန်းချက်များ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကထပ်လောင်းပြောကြား ခဲ့ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးရေးဆွဲထားသည့် ဆောင်ရွက်သည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ေ ဆွနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုရှေ့ နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း နိုင်ငံတော် သမ္မတ ရုံးထုတ်ပြန်ချက် အရသိရသည်။        
YM
#democracytoday
ORIGINAL ARTICLE