Lotayamm

search
မာတိကာ

contents

သတင်းများ

လန်ဒန် မြေအောက် မီးရထား ဝန်ထမ်းများ သပိတ်မှောက်၊ သန်းနှင့်ချီသော ခရီးသွားပြည်သူများ ဒုက္ခရောက်

နေ့ရက်:
Jan 10, 2017
yangonmedia
လက်မှတ်အရောင်း ဝန်ထမ်းများအပါအဝင် ၈၃ဝ ကျော်ကို အလုပ်ဖြုတ်ခဲ့သဖြင့် ဝန်ထမ်းများသည် ဝန်နှင့်အားမမျှဘဲ ရုန်းကန်နေရကြောင်း လန်ဒန်မြို့ မြေအောက် မီးရထားဝန်ထမ်းများ သမဂ္ဂခေါင်းဆောင် မစ်ကက်ရှ် ကပြောသည်။ ''တစ်နေ့တစ်နေ့ မြေအောက် မီးရထားစီးတဲ့ခရီးသည်က ငါးသန်းရှိတယ်။ တစ်နေ့တခြား ထပ်တိုးလာနေတယ်။ ဘေးကင်းလုံခြုံမှုရှိဖို့ အခုလက်ရှိ ဝန်ထမ်းအင်အားနဲ့မလောက်ဘူး။ ကျွန်တော်တို့ အခု လို မလုပ်ဘူး ဆိုရင် ပြဿနာအကြီးကြီးတက်လာလိမ့်မယ်''ဟု မစ်ကက်ရှ်ကပြောသည်။
သို့သော် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က မလိုအပ်ဘဲ သပိတ်မှောက်ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထိုကိစ္စကို အလေးအနက်ထားစဉ်းစားပေးနေသည့်အပြင် ဝန်ထမ်းအသစ် ၂ဝဝ ခန့်အပ်ပေးထား ပြီးဖြစ်ကြောင်း ပြောဆိုလိုက်သည်။ လန်ဒန်မြို့နေပြည်သူများသည် မြေပေါ်ရထား၊ ဘတ်စ်ကားများကိုသာ ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းစီးနင်းခဲ့ရသည်။ ''တော်တော်ဆိုးတာပဲ''ဟု ဘတ်စ်ကားစောင့်နေသော ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကပြောသည်။  လန်ဒန်မြို့ မြေအောက်မီးရထားလိုင်းကို ၁၈၆၃ ခုနှစ်တွင်စတင်ဖွင့် လှစ်သည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ နှစ်စဉ်ခရီးသည်ဦးရေ ၁ ဒသမ ၃၄ ဘီလီယံရှိကြောင်း သိရသည်။  
 
Ref: AFP
#democracytoday
ORIGINAL ARTICLE