Lotayamm

search
မာတိကာ

contents

သတင်းများ

ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NRPC သို့ ကျပ်သိန်း ၂ဝဝဝ လှူ ဒါန်း

နေ့ရက်:
Jan 10, 2017
yangonmedia
ယင်းနှင့်ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင် ဦးနိုင်ငံလင်းက ''ငြိမ်းချမ်းရေးအပေါ်မှာ သုံးစွဲတာဖြစ်တဲ့အတွက် ပီတိဖြစ်ပါတယ်'' ဟု ဇန်နဝါရီ ၉ ရက်က ဒီမိုကရေ စီတူဒေး သို့ ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေမှ ငြိမ်းချမ်းရေးအတွက် လှူဒါန်းသည့် ကျပ်သိန်း ၂ဝဝဝ ကို NLD နာယကဦးတင်ဦးမှပေးအပ်ခဲ့ပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ဦးနိုင်ငံလင်းက လက်ခံရယူခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ''ဒါက တိုင်းပြည်ရဲ့ အရေးကြီးဆုံးလုပ်ငန်းမို့လို့ အားလုံးဝိုင်းဝန်းကြပါလို့ ပြောချင်ပါ တယ်။ လှူပါလို့ ကျွန်တော်မပြောချင်ပါဘူး။ အားလုံးဝိုင်းဝန်းကြပါ''ဟု ပြောကြားခဲ့သည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပါတီအသုံးစရိတ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်အစိုးရ ဝန်ကြီးများ၏ လစာမှ ၂၅ ရာခိုင် နှုန်းကို ရန်ပုံငွေထည့်ဝင်ကြခြင်းဖြစ်သည်။    
HM
#democracytoday
ORIGINAL ARTICLE